အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Fri, 29 March 2024

နေပြည်တော်၊ မတ်လ ၂၉ ရက်

        အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကျောင်းသားလူငယ်များအား အသိပညာများ ထပ်ဆင့်မျှဝေနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ပဲခူးမြို့၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများ၌ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေး အစီအစဉ်များကို မတ်လ ၂၅ ရက်မှ ၂၉ ရက်အထိ ဆောင်ရွက်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၉၃ ကျောင်း၌ ဆရာ/ဆရာမ အင်အား စုစုပေါင်း (၁၃၅၇၂) ဦး တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်စေသော အကြောင်းအရာများ၊ အဂတိလိုက်စားမှု ပုံစံများ၊ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအရေးပါပုံ၊ ကျောင်းပညာရေးကဏ္ဍတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သင်ခန်းစာများ ထည့်သွင်းထားရှိမှု အခြေအနေ၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။



အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အထက(၁၂)တွင် ဖွင့်လှစ်သည့် ဆရာ/ဆရာမမွမ်းမံ သင်တန်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးမှု မှတ်တမ်းဓာတ်ပုံ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အထက(၁၂)တွင်

အထက်တန်းအဆင့် ဆရာ/ဆရာမ မွမ်းမံသင်တန်း၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်

ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း

ဆက်စပ် သတင်းများ