အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကျင်းပ

  • Thu, 28 March 2024

နေပြည်တော်၊ မတ်လ ၂၈ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှဖွင့်လှစ်သည့် ဆရာ/ဆရာမ မွမ်းမံသင်တန်းများတွင် အသိပညာပေးဆွေးနွေးခြင်း အစီအစဉ်များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ပုသိမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းများတွင် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး က

နေပြည်တော်၊ အထက(၃)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးက

ပုသိမ်မြို့ရှိ အထက(၆)၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး က ရန်ကုန်မြို့၊ ဒဂုံ (မြောက်) အထက (၁) ၌

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်း


ကော်မရှင်ရုံးခွဲ(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အထက(၃၀)၌

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ အသိပညာပေးဆွေးနွေးခြင်းး

ဆက်စပ် သတင်းများ