အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ

  • Mon, 26 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်၊ ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ကြသည်။ 


    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့်  ရုံးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တိုးတက်လာသည့် IT နည်းပညာများနှင့်အညီ   လိုက်ပါဆောင်ရွက်နိုင်ရန်၊  Computer ကိုအခြေခံမှစ၍ တတ်ကျွမ်းသည်အထိအဆင့်မြှင့်တွင် လေ့လာသွားနိုင်ရန်၊ ဆန်းသစ်တီထွင်မှုများအတွက် တံခါးပေါက်ဖြစ်သည့် Computer စွမ်းဆောင်ရည်များကို နားလည်သဘောပေါက် အသုံးချတတ်စေရန်နှင့် e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နည်းပြများ၏ အကူအညီဖြင့် ဖွင့်လှစ်ရခြင်းဖြစ်၍ ဝန်ကြီးဌာနအားကျေးဇူးတင်ကြောင်း၊

    အဂတိလိုက်စားမှုသည် ဆင်းရဲမွဲတေမှု၊ ကိုယ်ကျင့်တရားတို့နှင့် တိုက်ရိုက်ဆက်စပ်နေသော်လည်း အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးရာ၌ လူချင်းတွေ့ဆုံ၍  ဝန်ဆောင်မှုပေးခြင်းကြောင့်လည်း အဂတိလိုက်စားမှုကို ဖြစ်ပွားစေကြောင်း၊ အဂတိလိုက်စားမှုများကို လျှော့ချရန် e-Government စနစ်ကိုကျင့်သုံး၍ IT နည်းပညာများဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းစနစ်သည် အရေးပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် ဝန်ထမ်းများအနေဖြင့် တန်ဖိုးထား၍ အလေးအနက်ထား လေ့လာရန်လိုအပ်ကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့သည့် ပညာရပ်များကိုလည်း လက်တွေ့ရုံးလုပ်ငန်းနှင့် ပေါင်းစပ်၍ ပိုမိုမြင့်မားအောင် လေ့လာကြစေလိုကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းမှ အဆင့်မြင့်သင်တန်းများအထိ တိုးတက်ဖွင့်လှစ်သင်ကြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ 

    အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။


 အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခြင်း


 အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခြင်း


 စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


 

ဆက်စပ် သတင်းများ