အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ၊ မိုဘိုင်းငွေပေးချေလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

  • Tue, 6 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ၊ မိုဘိုင်းငွေပေးချေလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ  ၆ ရက်

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကို ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

   

    ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ လစဉ် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် ကော်မရှင်ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဝန်ထမ်းများ၏အခက်အခဲများကို တင်ပြနိုင်စေရန် ရည်ရွယ်ကြောင်း၊ အင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်လှစ်ရခြင်းသည် ၂၀၂၆ ခုနှစ်တွင် ASEAN-PAC အစည်းအဝေးကို လက်ခံကျင်းပရမည်ဖြစ်ရာ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်စွာပြောဆိုနိုင်စေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ပေါက်ကြားမှုမရှိစေရေး စနစ်တကျ လိုက်နာစောင့်ထိန်းရန်လိုကြောင်း၊ မိမိတို့ရုံးနှင့် ရုံးပတ်ဝန်းကျင် ဝန်ထမ်းအိမ်ရာများ၏ ရေ၊ မီးလုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပေးအပ်ထားသည့် တာဝန်များကို တစ်ဦးချင်းအလိုက် ကျေပွန်စွာထမ်းဆောင်ကြရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း နှင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ စေတနာထားအလုပ်လုပ်ကြရန် လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ဖေဖော်ဝါရီလအတွက် “မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်း များအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာ ရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် “မိုဘိုင်းငွေပေးချေ လမ်းကြောင်းများမှတစ်ဆင့် ‌ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့သည့် ဥပဒေရေးရာဌာနခွဲမှ ဦးစီးအရာရှိ ဦးစောရန်သိန်းက ရှင်းလင်းတင်ပြခဲ့ပြီး  ကော်မရှင်အတွင်းရေးမှူးက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထော

က်ပံ့ပစ္စည်းများကို ရုံးအဖွဲ့မှူး ဦးကျော်စိုး အား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းအားပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း


အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

အခမ်းအနားတွင် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ ဦးစီးအရာရှိ ဦးစောရန်သိန်း က မိုဘိုင်းငွေပေးချေလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာဆွေးနွေးခြင်း

ဆက်စပ် သတင်းများ