အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ

  • Mon, 5 February 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်  အင်္ဂလိပ်စာကျွမ်းကျင်မှု စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ 

    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာ စကားပြောကြားရာ၌ ကော်မရှင်အနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်း များကို ဌာနတွင်းသင်တန်းများအပြင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် သင်တန်းများ၊ ပြည်ပသင်တန်းများသို့ စေလွှတ်တက်ရောက်စေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် ASEAN-PAC အစည်းအဝေးကို လက်ခံကျင်းပရမည်ဖြစ်ရာ ကော်မရှင်ရုံးဝန်ထမ်းများ၏ စုပေါင်းအင်အားဖြင့် အောင်မြင်စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ASEAN-PAC အစည်းအဝေးတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာတာဝန်ကိုကျေပွန်စွာဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ရာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာပြောဆိုနိုင်စေရန် ရည်ရွယ်၍ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရန် အရေး ကြီးပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ အနေဖြင့်ကမ္ဘာ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဘာသာစကားနှင့် နည်းပညာကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးမည်ဖြစ်၍ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်နှင့် ကော်မရှင်မှ အားကိုးအားထားရသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ  ဖေဖော်ဝါရီလ ၅ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ ရက်သတ္တပတ် (၈)ပတ်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။


အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခြင်း


အခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ခြင်း


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ