အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Tue, 2 January 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်

        ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊

ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်

အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

        ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ နှစ်သစ်မိန့်ခွန်း ၄ ချက်အား လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ၂၀၂၃ ခုနှစ် International Anti-Corruption Day နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၏ အမှာစကားများသည် ဝန်ထမ်း များအတွက် လုပ်ငန်းလမ်းညွှန်ချက်များဖြစ်၍ သေချာစွာ လိုက်နာမှတ်သားရန် လိုအပ်ပါကြောင်း၊ လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ ပေါက်ကြားမှု မရှိစေရေး စနစ်တကျလိုက်နာ စောင့်ထိန်းရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လက်ရှိ တာဝန်ယူထားသည့်နေရာမှ အထက်(၂)ဆင့်၊ အောက်(၂)ဆင့်၏ လုပ်ငန်းတာဝန်များကို နှံ့စပ်စွာသိရှိရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ မိမိကိုယ်ကို စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူရန် လိုအပ်ကြောင်းနှင့် စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

        ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ က ဇန်နဝါရီလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ

အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ရုံးအဖွဲ့မှူး ဦးကျော်စိုး အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ

အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ

အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း အား ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ

အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း


        ၎င်းနောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်စပ် သတင်းများ