အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment) အစီအစဉ်များ ကျင်းပ

  • Mon, 4 December 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment) အစီအစဉ်များ ကျင်းပ


                                                                                                                                                                                            နေပြည်တော်၊ ဒီဇင်ဘာလ ၄ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ် များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် နေ့တွင် မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ငန်းတေး၌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂၅) ဦးတို့ကို ကော်မရှင်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ