အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment) အစီအစဉ်များကျင်းပ

  • Wed, 29 November 2023

နေပြည်တော်၊ နိုဝင်ဘာလ ၂၉ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊  အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၌ မူလတန်း နှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄၀) ဦးနှင့် တောင်ကြီးမြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့ကို ကော်မရှင်ရုံးခွဲများမှဝန်ထမ်းများက ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edutainment) အစီအစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။


ကော်မရှင်ရုံးခွဲ (ရန်ကုန်) မှ ဒုတိယလက်ထောက်ဦးစီးမှူးက မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


ကော်မရှင်ရုံးခွဲ (ရန်ကုန်) မှ ဒုတိယဦးစီးမှူးက အလယ်တန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်



ကော်မရှင်ရုံးခွဲ (မန္တလေး) မှ စုံစမ်းရေးမှူးက မူလတန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး

(Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


ကော်မရှင်ရုံးခွဲ (မန္တလေး) မှ ဦးစီးအရာရှိက အလယ်တန်းအဆင့်ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ကော်မရှင်ရုံးခွဲ ( တောင်ကြီး) မှ ဒုတိယစုံစမ်းရေးမှူးက မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ဆက်စပ် သတင်းများ