အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

  • Fri, 29 July 2016

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃။)

၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ တွင် ပါရှိသော "အဖွဲ့ဝင် ၅ ဦးစီကို" ဆိုသည့် စကားရပ်ကို "ငါးဦးစီထက်မပိုသော အရေအတွက် တူညီသည့်အဖွဲ့ဝင်များကို" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(က)တွင် ပါရှိသော "ရွေးချယ်ထားသည့် အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး၏" ဆိုသည့် စကားရပ်ကို "ရွေးချယ် ထားသည့် အဖွဲ့ဝင်များ၏" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

   (ပုံ) ထင်ကျော်

   နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဆက်စပ် သတင်းများ