အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ်၊ ဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

  • Tue, 21 November 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၃ ခုနှစ်၊ ဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


                                                                           နေပြည်တော်၊ နိုဝင်ဘာလ ၂၁
        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ၂၀၂၃ ခုနှစ်၊ ဒသမအကြိမ် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ နံနက် ၀၉:၃၀ အချိန်တွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး အခမ်းအနား တက်ရောက်လာကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသော တရားတော်များကို နာယူကြည်ညိုကြသည်။                                                                                                                       

        ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျ ပေးဝေကြသည်။

        ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက 
ဆရာတော်များထံမှ(၉)ပါးသီလခံယူခြင်း


ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက 
ဆရာတော်များထံမှ(၉)ပါးသီလခံယူခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဆရာတော်ထံသို့ ဉတ်မကြီးကထိန်ကလျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့်ဇနီး က ဆရာတော်ထံသို့  ဉတ်မကြီးကထိန်ကလျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက 

လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဓနာတရားနာယူခြင်း

ကော်မရှင်ဥက္ကဋ္ဌ က ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခြင်း

ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား

နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့အား ဆက်ကပ်လှူဒါန်းခြင်း


ဆက်စပ် သတင်းများ