ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference_WACC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း တက်ရောက်

  • Fri, 17 November 2023

ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference_WACC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း တက်ရောက်


 အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မလေးရှား နိုင်ငံအခြေစိုက် International Strategy Institute (ISI) က “Towards a Corrupt-Free Future: Strengthening Global Governance Together” ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference_WACC) သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Panellist အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

 အဆိုပါညီလာခံတွင် အသိပညာပေးရေး တိုးမြှင့်ဆောင်ရွက်ခြင်းအတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေဆောင်ရွက်ခြင်း၊ ပေါ်လစီမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ခြင်း၊  ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် ရည်ရွယ်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံတွင် “LAW ENFORCEMENT ON PREVENTION AND PERSECUTION” ၊ “STRENGTHENING GLOBAL GOVERNANCE MECHANISMS” ၊ “PREVENTING THE MISUSE OF LAWS TO EVADE ACCOUNTABILITY”  နှင့် “COMBATING GOVERNMENT CORRUPTION: ENSURING ACCOUNTABILITY FOR CLEAN GOVERNANCE” ဟူ၍ ကဏ္ဍ(၄)ခုဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ 

 “LAW ENFORCEMENT ON PREVENTION AND PERSECUTION” ကဏ္ဍတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း နှင့်အတူ ဘရူနိုင်းနိုင်ငံ ၊ Anti-Corruption Bureau (ACB) မှ Mohammad Sukri HJ Ariffin နှင့် ကိုရီးယားနိုင်ငံ ၊ Anti-corruption & Civil Rights Commission (ACRC) မှ Ms Huiri Kim တို့မှ Panellist များအဖြစ် ပါဝင်ဆွေးနွေးကြရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအေဂျင်စီများ ခိုင်မာအားကောင်းစေရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများ အားကောင်းလာစေရန် ကြိုးပမ်းအားထုတ်မှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ အများပြည်သူအကျိုးထုတ်ဖော် သတင်းပေးသူ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူများ၏ တရားမဝင်ကြွယ်ဝချမ်းသာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပွင့်လင်းမြင်သာမှု ၊ တာဝန်ယူမှု/ တာဝန်ခံမှုနှင့် ကျင့်ဝတ်ဆိုင်ရာ အပြုအမူများကို ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများတွင် မြှင့်တင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

 မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများအား မဟာဗျူဟာများ ချမှတ်၍လည်းကောင်း၊ နှစ်စဉ်လုပ်ငန်းအစီအစဉ် ချမှတ်၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ထိုသို့ဆောင်ရွက်မှုများကို နှစ်ပတ်လည်အစီရင်ခံစာများပြုစု၍ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူသို့ အစီရင်ခံတင်ပြမှု၊ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အဖွဲ့ဝင်နိုင်ငံ အချို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များနှင့် အဂတိလိုက်စားမှု ကျူးလွန်ရာမှ ရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း အရေးယူမှုများနှင့်စပ်လျဉ်း၍ ထည့်သွင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။


ဆက်စပ် သတင်းများ