အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ

  • Fri, 20 October 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ ၂၀ ရက်  

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်းများအား ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်မျာ: အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည်စေရန် ရည်ရွယ်၍ Knowledge Sharing အခမ်းအနားကို ယနေ့ နေ့လယ် မွန်းလွဲပိုင်းက  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပသည့် အခမ်းအနားသည် UNCAC ပါ ပြဋ္ဌာန်းချက်များကို  ဆဋ္ဌမအကြိမ်မြောက် ဆွေးနွေးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်မီကပင် UNCAC ပါ ပြဋ္ဌာန်းချက်များကို သေချာစွာ လေ့လာ၍ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ဝင်ရောက်ချိန်မှစ၍ UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်သည် လက်တွေ့ ဆောင်ရွက်သည့် ကိစ္စရပ်များတွင် UNCAC ပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်အောင် ဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ကော်မရှင်ရှိ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ထိရောက်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် UNCAC ပါ ပြဋ္ဌာန်းချက်များကို  သေချာစွာသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန်နှင့် အကျိုးရှိစွာအသုံးချရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သိမ်းဆည်းပစ္စည်းစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင် က UNCAC ပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခြင်း

စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ ဦးစီးအရာရှိ ဦးစောရန်သိန်း က UNCAC ပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခြင်း

    အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သိမ်းဆည်းပစ္စည်း စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဥပဒေရေးရာဌာနခွဲမှ ဦးစီးအရာရှိတို့က UNCAC ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကာ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပါသည်။

    အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊  အရာထမ်းများတက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးခွဲမှ အရာထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ