အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ

  • Fri, 6 October 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များအပေါ် ဝန်ထမ်းများအားလုံး သိရှိနားလည်စေရန် ရှင်းလင်းပွဲကျင်းပ


နေပြည်တော်၊ အောက်တိုဘာလ ၆ ရက်  

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်များအား ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UNCAC (United Nations Convention Against Corruption) ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည် စေရန်ရည်ရွယ်၍ Knowledge Sharing အခမ်းအနားကို ယနေ့ နေ့လယ် မွန်းလွဲပိုင်းက  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခု UNCAC ပါ ပြဋ္ဌာန်းချက်များကို ပဉ္စမအကြိမ် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆွေးနွေးတင်ပြသည့် UNCAC ပါ ပြဋ္ဌာန်း ချက်များကို သေချာစွာလေ့လာ သိရှိနားလည်မှ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် ထိရောက်ရန် အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးသည့် အချက်များကို စာတမ်း ပြုစု၍ နောင်လာနောင်သား ဝန်ထမ်းများကို ပြန်လည်ပို့ချရန်လိုကြောင်းနှင့် မိမိကိုယ်ကို စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် စဉ်ဆက်မပြတ် လေ့လာစေလိုကြောင်း အကြံပြု ပြောကြားခဲ့သည်။

        အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးက UNCAC ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိ လိုသည် များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကာ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေး ကြပါသည်။

        အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊  အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ကော်မရှင်ရုံးခွဲမှ အရာထမ်းများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစု က UNCAC ပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခြင်း


စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ(၁)မှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင် က UNCAC ပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခြင်း

ဆက်စပ် သတင်းများ