အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

  • Fri, 22 September 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အရာထမ်းများ၏ ပြည်ပသင်တန်း အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက်

စင်္ကာပူနိုင်ငံတွင် ၂၈-၈-၂၀၂၃ ရက်မှ ၁-၉-၂၀၂၃ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် Course on Transparency and Good Practise in Public Sector Management သို့ တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်း (၂) ဦးက ပြည်ပသင်တန်းအတွေ့အကြုံ ရှင်းလင်းပွဲကို နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပ သည်။ 

အတွေ့အကြုံရှင်းလင်းပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

    ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ စေလွှတ်ပေးလျက်ရှိပြီး ယခုကဲ့သို့ ပြည်ပသင်တန်းအတွေ့အကြုံများ ပြန်လည် မျှဝေခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာသင်ယူလိုစိတ်ရှိရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ သင်တန်းများတက်ရောက်ရာ၌ တက်ရောက်ရမည့် ဘာသာရပ်နှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာရန်လိုကြောင်း၊ ပြည်ပနိုင်ငံများ၏ ကောင်းမွန်သည့် အလေ့အထများကို အတုယူ၍ ကြိုးစားလေ့လာဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းတက်ရောက်ရာတွင် ဝင်ရောက်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့် မိမိထင်မြင်ယူဆချက်များ ကိုတင်ပြနိုင်သည့် အရည်အချင်းများရှိနေရန် ကြိုးစားလေ့လာကြရန်လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။


  စီမံရေးရာဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်း က စင်ကာပူနိုင်ငံနှင့်ချီလီနိုင်ငံတို့၏ ပြည်သူ့ရေးရာအခန်းကဏ္ဍ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုနှင့် ကောင်မွန်သောအုပ်ချုပ်မှုများအား ရှင်းလင်းဆွေးနွေးခြင်း

      ထို့နောက် စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက စင်္ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့၏ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် တည်တံ့ခိုင်မြဲစေရေး၊ ပွင့်လင်းမြင်သာမှု၊ အဂတိ လိုက်စားမှုထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက စင်္ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့မှ လက်ခံကျင့်သုံးလျက်ရှိသည့် အစိုးရဝယ်ယူရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ စစ်ဆေးထိန်းကျောင်းမှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

  စီမံရေးရာဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က စင်ကာပူနိုင်ငံနှင့်ချီလီနိုင်ငံတို့၏ ပြည်သူ့ရေးရာအခန်းကဏ္ဍ စီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာမှုနှင့် ကောင်မွန်သောအုပ်ချုပ်မှုများအား ရှင်းလင်းဆွေးနွေးခြင်း

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ အသိအမြင်ဗဟုသုတကြွယ်ဝရေးအတွက် ပြည်ပခရီးစဉ်များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊ လူအားရင်းနှီးပေးဆပ်ရသဖြင့် ထိုက်တန်သည့် အကျိုးကျေးဇူးများရရှိအောင် စွမ်းဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ သွားရသည့်ခရီး၏ အကျိုးရလဒ်အဖြစ် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက် ရလဒ်ကောင်းများရရှိအောင်၊ လုပ်ငန်းခွင်ပိုမိုတိုးတက်ရေးအတွက် တီထွင်ဖန်တီးလုပ်ကိုင်နိုင်အောင် ကြိုးစားကြရန်မှာကြားလိုကြောင်း၊ တက်ရောက်သူများ အနေဖြင့်လည်း သိသင့်သိထိုက်သည်များ၊ သိရှိလိုသည်များကို မေးမြန်းကြခြင်းဖြင့် ပိုမိုအကျိုးရှိ ထိရောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ