အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း

  • Thu, 17 August 2023

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။


အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း Virtual Format ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ASEAN-PAC ၏ ၁၈ ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ကမ္ဘောဒီးယားနိုင်ငံ ACU ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း တက်ရောက်ခဲ့သည့် အစည်းအဝေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet မူကြမ်း အပေါ် ဆွေးနွေးခြင်း၊ ASEAN-PAC e-Booklet တရားဝင် ဖြန့်ဝေနိုင်ရေး ကိစ္စရပ်အပေါ် ဆွေးနွေးခြင်း၊ ASEAN-PAC ၏ ၁၉ ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပနိုင်ရေးအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် လာအိုနိုင်ငံ SIA မှ ပြင်ဆင်ဆောင်ရွက် ထားရှိများကို ဆွေးနွေးတင်ပြခြင်း၊ ASEAN-PAC ၏ (၁၉) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေး ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ASEAN-PAC Portal တွင် သတင်းလွှင့် တင်နိုင်ရေး အတည်ပြုခြင်း၊ ASEAN-PAC Contact List နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Focal Point သတ်မှတ် ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အစည်းအဝေးအစီအစဉ်ပါ အကြောင်း အရာများကို ပါဝင်ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အဖွဲ့ဝင်နိုင်ငံအချို့နှင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ပါဝင်ဆွေးနွေးခဲ့ပါသည်။


အစည်းအဝေးသို့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit_ACU) မှ ကိုယ်စားလှယ်များ၊ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၂) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ