အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၂၁-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ

  • Mon, 7 August 2023

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၂၁-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ တွင် အောက်ဖော်ပြပါ အချက်များ ဖော်ပြပါရှိပါသည်-

- ဂျာစီနိုင်ငံ အခြေစိုက်ထားသော ကုမ္ပဏီတစ်ခုထံ ဂါနာနိုင်ငံ၏ ရွှေများကို ရောင်းချခြင်းမှ တားဆီးရန် ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ လွန်ခဲ့သည့်အပတ်က တရားရုံးမှပယ်ချခြင်းကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှောင်ရှားရန်နှင့် ကြိုတင်ကာကွယ်မှုပြုရန် မိမိတို့၏ မေတ္တာရပ်ခံချက်ကို တရားသူကြီးများက စိတ်မကောင်းဖွယ်ရာ ပယ်ချခဲ့ပါကြောင်း၊ အထူးသဖြင့် နိုင်ငံဖြတ်ကျော် အဂတိလိုက်စားမှုများအတွက် တစ်ဦးချင်းတာဝန်ယူမှုကို စိန်ခေါ်မှုရှိလာသဖြင့် ဤပယ်ချမှုမှာ စိတ်ပျက်ဖွယ်ရာဖြစ်ပါကြောင်း။

- Glencore ကုမ္ပဏီ၏ လာဘ်ပေးလာဘ်ယူကိစ္စအား နမူနာအဖြစ် သုံးသပ်ကြည့်ကြရမည်ဖြစ်ပါကြောင်း၊ ဘရာဇီး၊ ယူကေနှင့် အမေရိကန်တို့၌ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်မှုအပြီးတွင် ကုမ္ပဏီသည် တရားမ၀င်လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ကြောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကာလအတွင်း နိုင်ငံအသီးသီးရှိ အစိုးရအရာရှိများအား လာဘ်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး လာဘ်ထိုးခဲ့သည်ဟု ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဝန်ခံခဲ့ပါကြောင်း၊ သိသာထင်ရှားသည့်အချက်မှာ ၎င်းတို့၏ဝန်ခံချက်တွင် နိုင်ဂျီးရီးယား အစိုးရပိုင်ကုမ္ပဏီမှ ရေနံနှင့် ရေနံထွက်ပစ္စည်း ဝယ်ယူမှုနှင့် စပ်လျဉ်းသည့် ပေးချေမှုများတွင် လာဘ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း။

- Glencore ကုမ္ပဏီသည် ၎င်း၏ ဆောင်ရွက်ချက်များအတွက် အကျိုးဆက်များကို ကြုံတွေ့ နေရသော်လည်း အခြားတစ်ဖက်တွင် လာဘ်ပေးလာဘ်ယူမှုကို လက်ခံသော အများပြည်သူ အရာရှိများအတွက် အလားတူ အဆင်မပြေမှုကြုံတွေ့ရမည် မဟုတ်ပါကြောင်း၊ နိုင်ဂျီးရီးယားရုံးခွဲ၏ အမှုဆောင်ဒါရိုက်တာ Auwal Musa Rafsanjani က ဤဖြစ်ရပ်သည် တရားမျှတမှုမရှိဟု အခိုင်အမာယုံကြည်နေပါကြောင်း၊ Glencore ကုမ္ပဏီသည် နိုင်ငံခြား တရားစီရင်ပိုင်ခွင့်များတွင် ပြစ်ဒဏ်ချမှတ်ခံရပြီး ဒဏ်ငွေများဆောင်နေချိန်တွင် နိုင်ဂျီးရီးယား အာဏာပိုင်များသည် ၎င်းတို့၏ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုများကို စတင် လုပ်ဆောင်ကာ လာဘ်ငွေလက်ခံသည့် တာဝန်ရှိသူများအား တာဝန်ခံမှုရှိစေရေးကိုလည်း ဆောင်ရွက်သင့်သည်ဟု ထောက်ပြခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ဂျီးရီးယားရှိ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အခြေခံမူများကို လိုက်နာရန်ကဲ့သို့သော ဆောင်ရွက်မှုများသည် မရှိမဖြစ်လိုအပ်ပါကြောင်း။

- သို့သော် ကုမ္ပဏီများကို ပြစ်ဒဏ်ချပြီးသည့်နောက် အဂတိလိုက်စားမှုများတွင်ပါဝင် ပတ်သက်သည့် အစိုးရအရာရှိများအား စိစစ်ခြင်းမရှိဘဲ ကင်းလွတ်ခွင့်ရသည်က ပိုများနေပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းရလဒ်အရ အစိုးရအရာရှိများ ပါဝင်ပတ်သက်သော အမှုများ၏ ၂၀ ရာခိုင်နှုန်းတွင်သာ  သက်ဆိုင်ရာနိုင်ငံများတွင် သက်ဆိုင်ရာ အစိုးရအရာရှိများအနေဖြင့် အမှုရင်ဆိုင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အခြားနည်းတစ်ခုမှာ အမှုမှလွတ်ငြိမ်းချမ်းသာခွင့် ရရှိရန်အတွက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတစ်ချို့ရှိ ကုမ္ပဏီများသည် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်နေကြပြီး တင်သွင်းခွင့် ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူမှုပြုလုပ်သော တာဝန်ရှိသူများကိုပါ အရေးယူသင့်ပါကြောင်း။

- ထို့ကြောင့် နိုင်ဂျီးရီးယားရုံးခွဲနှင့် တာဝန်ရှိသူ ၁၀ ဦးတို့က အမေရိကရှိ ဥပဒေရေးဆွဲရေး တာဝန်ရှိသူများကို the Foreign Extortion Prevention Act (FEPA) ကို ပြဋ္ဌာန်းရန် တောင်းဆိုခဲ့ပါကြောင်း၊ ယင်းဥပဒေကို ပြဋ္ဌာန်းရန် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကစတင် အဆိုပြုခဲ့ ပါကြောင်း၊ သမ္မတ Biden ၏ အုပ်ချုပ်ရေးအဖွဲ့များသည် ဥပဒေမူကြမ်း၏ ရည်ရွယ်ချက် ကိုပြီးမြောက်ရန်နှင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမေရိကန် ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် လာဘ်ပေးလာဘ်ယူမှုကို ရာဇဝတ်မှု များ ကျူးလွန်ရန် ကတိပြုခြင်းဟု သတ်မှတ်ပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းသည် လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ရန် ကြန့်ကြာနေစဉ် တောင်းဆိုသူများသည် လွှတ်တော်ခေါင်းဆောင်များထံမှ ထောက်ခံမှု ပိုမိုရရှိရန် လုပ်ဆောင်ခဲ့ပါကြောင်း၊

- ယခုသီတင်းပတ်တွင် ဥပဒေကြမ်းသည် ဒုတိယအကြိမ် အသက်ဝင်လာပြီ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသားများ သို့မဟုတ် ကုမ္ပဏီများမှ လာဘ်ပေးလာဘ်ယူမှုကို တောင်းဆို သော သို့မဟုတ် လက်ခံသည့် နိုင်ငံခြားအရာရှိများအတွက် လာဘ်ပေးလာဘ်ယူမှု ဆန့်ကျင်ရေး ဥပဒေကိုသက်တမ်းတိုးရန် အဆိုပြုသည့် FEPA ကို bipartisan ပါလီမန် အဖွဲ့သည် ပြန်လည် အသက်ဝင်စေခဲ့ပါကြောင်း၊ Transparency International -US သည် ၎င်း၏နောက်ကွယ်တွင် အပြည့်အ၀ရှိနေကာ FEPA ကို ထပ်မံနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ကွန်ဂရက်အား အတည်ပြုရန် တိုက်တွန်းထားပါကြောင်း။

- ဂျာမနီ၊ ပြင်သစ်နှင့် ယူကေနိုင်ငံတို့ကဲ့သို့ နိုင်ငံအများအပြားတွင် နိုင်ငံခြား လာဘ်ပေး လာဘ်ယူမှု ပြုခြင်းတွင် ပေးသူယူသူ နှစ်ဖက်စလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ် ပါကြောင်း၊ အလားအလာကောင်းတစ်ခုအဖြစ် မကြာသေးမီက အဆိုပြုထားသော EU ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညွှန်ကြားချက်အရ နိုင်ငံများတွင် လာဘ်ပေးရန် တောင်းဆိုမှုကို ပြစ်မှုအဖြစ် သတ်မှတ်ပါကြောင်း။

- တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ ပိုမိုထိရောက်မှုရှိစေမည့် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေစာအုပ်များ ရှိနေရုံဖြင့် မလုံလောက်ပါကြောင်း၊ စိတ်မကောင်းစရာတစ်ခုမှာ FEPA ကဲ့သို့ အလားတူ ဥပဒေရှိသည့် နိုင်ငံများသည် နိုင်ငံခြားအရာရှိများကို ဆန့်ကျင်မှု မပြုကြပါကြောင်း။

- အဓိကကုန်သွယ်နိုင်ငံများအနေဖြင့် နိုင်ငံခြားငွေ လာဘ်ပေးလာဘ်ယူမှု ကျုးလွန်နေသော ကုမ္ပဏီများကို တရားစွဲဆိုမှုများဆောင်ရွက်ရန် လုပ်ဆောင်နေသော်လည်း အားနည်းချက် များရှိနေဆဲဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ရန် မျက်ကွယ်ပြုနေသည်မှာ ယခုထိဆိုလျှင် ၂၅ နှစ် ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ မိမိတို့၏ နိုင်ငံခြားပို့ကုန်လုပ်ငန်းတွင် အဂတိလိုက်စားမှု ၂၀၂၂ အစီရင်ခံစာအရ ထုတ်ကုန်မြှင့်တင် ရန် အခွန်အကောက်လျော့ပေးမှု ကျင့်သုံးသော လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းရန် အမှန်တကယ် အားနည်းနေပါကြောင်း၊

- အဆိုပါဖြစ်စဉ်များ ဖြစ်ပွားပြီးသည့်နောက် လာဘ်ပေးလာဘ်ယူမှုကျူးလွန်သော ကုမ္ပဏီ များကို အပြစ်ပေးရန်နှင့် စုံစမ်းစစ်ဆေးမှုများကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သော နိုင်ငံများမှာ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများပင်ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများသည် ဂုဏ်ယူဖွယ်ဖြစ်သော်လည်း တရားမျှတမှုကို ပြီးပြည့်စုံရန်နှင့် အရေးကြီးသော အခွင့်အလမ်းများကို အံဝင်ခွင်ကျဖြစ်စေရန် FEPA တစ်ခုတည်း သော အရာပင်ဖြစ်ပါကြောင်း၊

ဆက်စပ် သတင်းများ