အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(TI) ၏ ၁၄-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ

  • Fri, 14 July 2023

အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(TI) ၏ ၁၄-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာ


အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) ၏ ၁၄-၇-၂၀၂၃ ရက်နေ့ထုတ် သတင်းလွှာတွင် အောက်ဖော်ပြပါ အချက်များ ဖော်ပြပါရှိပါသည်-

- အာဖရိက စကားပုံတစ်ခုအရ ရွှေ၏တန်ဖိုးကို နားလည်သည့် ပုဂ္ဂိုလ်များထံသို့သာ ရွှေကို ရောင်းချသင့်ပါကြောင်း၊ သို့ရာတွင် ဂါနာနိုင်ငံ၌ နိုင်ငံတော်၏ သဘာဝအရင်းအမြစ်များကို အကာအကွယ်ပေးရန် တာဝန်ရှိသည့် အစိုးရသည် နိုင်ငံပိုင်ရွှေ၏ တန်ဖိုးကို ကျဆင်းအောင် ဆောင်ရွက်နေသည်ဟု စွပ်စွဲမှုများ လည်းရှိနေပါကြောင်း။


- ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် Ghana Integrity Initiative and Anti-Corruption Coalition တို့သည် Agyapa သဘောတူညီချက်ကို ဖြေရှင်းရန်   အနောက်အာဖရိကဒေသဆိုင်ရာ တရားရုံး၏ ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ ဤသဘော တူညီချက်၌ သံသယဖြစ်ဖွယ်အခြေအနေများ ဖြစ်ပေါ်စေသည့် နိုင်ငံ၏ အနာဂတ် “ရွှေ” ကို အကန့်အသတ်မရှိရောင်းချရန် ဂါနာအစိုးရ၏ တွေးခေါ်မှုကို မြင်တွေ့နေရပါကြောင်း။

- နှစ်နှစ်ကျော် သုံးသပ်ပြီးနောက် တနင်္လာနေ့တွင် တရားသူကြီးများသည် စီရင်ချက်ကို ချမှတ်ခဲ့ပါကြောင်း၊ စိတ်မကောင်းဖြစ်ရသည်မှာ မိမိတို့၏ ထောက်ပြမှုကို တရားရုံးက ပယ်ချခဲ့ပါကြောင်း၊ တင်ပြထားသည့် ထောက်ပြချက်များအရ တရားရုံးမှ အရေးယူရန် တွန့်ဆုတ်ခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုကို မျက်မြင်မတွေ့ရသည်မှာ အဓိကဖြစ်နေသည်ဟု ယူဆရပါကြောင်း၊ အခြေအနေကို ပြုပြင်ထိန်းသိမ်းခြင်းမပြုမီ ပျက်စီးဆုံးရှုံးမှုကို စောင့်ဆိုင်းကြည့်ရှုနေရန် မလိုအပ်သောကြောင့် အရေးယူရန် တွန့်ဆုတ်နေသည်မှာ စိတ်ပျက်ဖွယ် ကောင်းပါကြောင်း။

- ထို့အပြင် အစိုးရမှ အဆိုပြုထားသော သဘောတူညီချက်နှင့်ဆက်စပ်၍ အဂတိလိုက်စားမှု အန္တရာယ်များကို ဖော်ညွှန်းသည့် သက်သေအထောက်အထား  များကို မပြသနိုင်ကြောင်း တရားရုံးက အခိုင်အမာဆိုထားပါကြောင်း၊ သို့သော် ဤပယ်ချမှုသည် အထူးအစိုးရ ရှေ့နေ၏ စာမျက်နှာ ၆၄ ပါ အစီရင်ခံစာက တိတိကျကျ မှတ်တမ်းတင်ထားပြီး တရားမဝင် ငွေကြေးစီးဆင်းမှု ဖြစ်နိုင်ခြေနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများ တိုးလာစေပါကြောင်း။

- တရားရုံးသည် အရပ်ဘက်အဖွဲ့အစည်းများကို အရေးပေးပါက အဂတိလိုက်စားမှုကို တားဆီးရန်နှင့် ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရာတွင်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေမည် ဖြစ်ပါကြောင်း၊ ဤစံနှုန်းသည် အနောက်အာဖရိကတစ်ခွင်ရှိ သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် အာဏာအလွဲသုံးစားလုပ်မှုကို စိန်ခေါ်ရန် အဖွဲ့အစည်းများကို အခွင့်အာဏာပေးမည်ဖြစ်ပါကြောင်း။

- ECOWAS တရားရုံးမှ မကြာသေးမီက ချမှတ်ခဲ့သည့် စီရင်ချက်သည် ဂါနာနိုင်ငံ၏ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုတွင် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာအခြေခံမူများပါဝင်ခြင်းနှင့် ပူးပေါင်းပါဝင်ခြင်းအတွက် ဆုတ်ယုတ်မှုကို ကိုယ်စားပြုပါကြောင်း၊ ယင်းသည် အစိုးရများထံမှ တာဝန်ခံမှု ပိုမိုရယူလိုသော အနောက်အာဖရိက ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုခြင်း ဖြစ်ပါကြောင်း။

- စိတ်ဝင်စားဖွယ်ရာမှာ ဤအင်္ဂါနေ့သည် သတ္တမမြောက် အာဖရိက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့နှင့် တိုက်ဆိုင်နေပါကြောင်း၊ အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အာဖရိကသမဂ္ဂကွန်ဗင်းရှင်း၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပခြင်းဖြင့် ယခုနှစ်အထိမ်း အမှတ်အခမ်းအနား၏ အရေးပါမှုကို မြှင့်တင်ခဲ့ပါကြောင်း၊ အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံအနက် ၄၈ နိုင်ငံမှ ကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် ၎င်းတို့၏ သဘောထားကို အလေးပေးဖော်ပြသည်မှာ မှတ်သားဖွယ်ရာပင် ဖြစ်ပါကြောင်း။

- Corruption Perceptions Index (CPI) တွင် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံ ၆ နိုင်ငံ၏ သိသာထင်ရှားသောတိုးတက်မှုများကို မြင်တွေ့ရသဖြင့် တိုးတက်မှုများ    ရှိသည်ကို အတည်ပြုနိုင်ပါကြောင်း၊ သို့သော် ဆာဟာရအာဖရိကသည် အာဖရိကတိုက်တွင် အနိမ့်ဆုံးရမှတ်များ ဆက်လက်တည်ရှိနေကြောင်းကို ဂရုပြုရန်အရေးကြီးပါကြောင်း၊ ၂၀၂၂ ခုနှစ် CPI တွင် တိုးတက်မှုများရှိနေသော်လည်း စိန်ခေါ်မှုများ ဆက်လက်တည်ရှိနေကြောင်း ညွှန်ပြနေပါကြောင်း။

-      အကြီးစားအဂတိလိုက်စားမှုသည် သိသာထင်ရှားသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေပါကြောင်း၊ အာဖရိကတိုက်အတွက် နှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေ သည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို တားဆီးရန် တိုးတက်မှုမှာ လုံလောက်မှု မရှိသေးပါကြောင်း၊ ဤသည်မှာ အာရိကန်လူမျိုးများ၏ လူနေမှုဘဝ အရည်အသွေးကို တိုက်ရိုက်ထိခိုက်စေပြီး ပထုတ်ခံထားရသော ရာထူးနေရာများတွင် ရှိနေသူများကို အချိုးမညီမျှစွာ ထိခိုက်စေပါကြောင်း။

-     ပွင့်လင်းမြင်သာမှုရှိသော ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များတွင် အများပြည်သူအား ထည့်သွင်းလက်ခံခြင်းသည် ကမ္ဘာတစ်ဝှမ်းသာမက ဂါနာတွင်ပါ အရေးပါပါကြောင်း၊ မူဝါဒချမှတ်သူများသည် Agyapa သဘောတူညီချက်နှင့်ပတ်သက်၍ ဒေသခံလူထုနှင့် ကျွမ်းကျင်သူများ၏ စိုးရိမ်မှုများကိုအချိန်တွင် ဂရုပြုရမည်ဖြစ်ပါကြောင်း၊ ဤအခြေခံမူကို သတိပေးရန် အစည်းအဝေးများ သို့မဟုတ် တရားရုံးများကို အားကိုးခြင်းမပြုဘဲ အစိုးရတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသူများအပေါ် တာဝန်ခံမှုရှိရမည်ကို အသိအမှတ်ပြုရန် အရေးကြီးပါကြောင်း။ 


ဆက်စပ် သတင်းများ