Hunter Biden အား ရာဇ၀တ်မှုများ အပါအဝင် နောက်ထပ်စွဲချက်များစွာကို IRS (Internal Revenue Service) မှ အကြံပြုထားသည်ဟု သတင်းပေးသူများ ( Whistleblowers) က ဆို

  • Tue, 27 June 2023

Hunter Biden အား ရာဇ၀တ်မှုများ အပါအဝင် နောက်ထပ်စွဲချက်များစွာကို IRS (Internal Revenue Service) မှ အကြံပြုထားသည်ဟု သတင်းပေးသူများ ( Whistleblowers) က ဆို


        လွှတ်တော်အမတ်များနှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့မှု မှတ်တမ်းများအရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ၏ သားဖြစ်သူ Hunter Biden သည် အခွန်ရှောင်ရန် ကြိုးပမ်းမှုနှင့် အခြားရာဇ၀တ်မှုများကျူးလွန်ခဲ့မှုကြောင့် IRS (Internal Revenue Service) ၏ စုံစမ်း စစ်ဆေးရေးမှူးများမှ အရေးယူဆောင်ရွက်နိုင်ရေး ကြိုးစားခဲ့ကြောင်း ထုတ်ဖော်သတင်းပေးသူ (Whistle blowers) (၂) ဦးက ပြောကြားခဲ့သည်။

        Hunter Biden အား ၂၀၁၄၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် အခွန်ရှောင်ခြင်းနှင့် အခွန်လိမ်လည်ပေးဆောင်ခြင်းတို့ဖြင့် အရေးယူဆောင်ရွက်ရန် အကြံပြု ထားပါကြောင်း IRS သတင်းပေးသူများက ထုတ်ဖော်ပြောဆိုထားပါသည်။ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်များ၏ ကြာသပတေးနေ့ တွင် ထုတ်ပြန်ခဲ့သည့် မှတ်တမ်းများအရ Hunter Biden သည် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင်လည်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက် အစိုးရရှေ့နေများအနေဖြင့် စွဲချက်တင်ရန် IRS မှ အကြံပြုခဲ့ကြောင်း သိရပါသည်။ 

ထုတ်ဖော်သတင်းပေးသူများမှ အောက်လွှတ်တော် စုံစမ်းစစ်ဆေးသူများထံ ပေးထား သည့် စာရွက်စာတမ်းများအရ ဖြစ်စဉ် (၁၁) ခုသို့ စွဲချက် (၁၁) ချက်ဖြင့် တရားစွဲဆိုနိုင်ရေး အကြံပြု ချက်အား အထက်တန်းရှေ့နေများထံမှ ထောက်ခံမှုမရှိသော်လည်း ဥပဒေအရာရှိရှေ့နေများမှ ထောက်ခံခဲ့သည်။ 

ယခုသီတင်းပတ်အစောပိုင်းက အစိုးရရှေ့နေများ၏ ကြေညာချက်တစ်ခုတွင် Hunter Biden သည် အခွန်ဆိုင်ရာ ပြစ်မှုနှစ်ခုအတွက်သာ ထုချေလျှောက်ထားခဲ့ပါသည်။

အဆိုပါ စွဲဆိုချက်များသည် Hunter Biden ၏ ပြစ်မှုဆိုင်ရာ သက်သေအချို့အား ကြီးကြပ်ခဲ့ပြီး IRS တွင် ၁၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းဟောင်းဖြစ်သူ Gary Shapley နှင့် အမည်မဖော်လိုသော IRS အေးဂျင့်ကိုယ်စားလှယ်တို့မှ တင်ပြစွဲဆိုမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုရှိကြောင်း ယခုနှစ်အတွင်း ကွန်ဂရက်လွှတ်တော်သို့ ချဉ်းကပ်ခဲ့ပြီး Shapley က အခိုင်အမာပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် သူနှင့် IRS အဖွဲ့တစ်ခုလုံးကို စုံစမ်းစစ်ဆေးမှုမှ ဖယ်ရှားခဲ့သည်။

"DOJ (Department of Justice) က Hunter Biden အပေါ် စုံစမ်းစစ်ဆေးမှုက မျက်နှာလိုက်မှုရှိပါကြောင်း၊ နှေးကွေးစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ အကျိုးစီးပွားပဋိပက္ခ ရှောင်လွှဲ နိုင်ရန် သိသာထင်ရှားသည့် ဆောင်ရွက်ခဲ့မှုမရှိဟု " ဟု Shapley မှ ဥပဒေအရာရှိများအား ပြောကြားခဲ့သည်။


Source – CNN News (၂၂-၆-၂၀၂၃)

ဆက်စပ် သတင်းများ