အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ UNODC Country Manager ဖြစ်သူ Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံခြင်း

  • Fri, 20 November 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ UNODC Country Manager ဖြစ်သူ Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံခြင်း


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Benedikt Hofmann အား ယနေ့ နေ့လည် ၁၄:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

တွေ့ဆုံဆွေးနွေးရာတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် နည်းပညာ အကူအညီပေးအပ်ရေးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။

 

ဆွေးနွေးပွဲအပြီး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှုခင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Case Management System) တွင် အသုံးပြုမည့် ရုံးသုံးစက်ပစ္စည်းကိရိယာများကို UNODC မှ ကော်မရှင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

Case Management System တွင် အသုံးပြုမည့် goCASE Application ကို အသုံးပြုနိုင်ရေး အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် လုပ်ငန်းလမ်းညွှန် (Term of Reference –TOR) ရေးဆွဲခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်း၊ Software ရေးဆွဲခြင်းများကို UNODC နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို မကြာမီ စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ပါသည်။

 

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

 

ဆက်စပ် သတင်းများ