အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
- Mon, 25 March 2019
နေပြည်တော်၊ မတ်လ ၂၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့် အဖွဲ့အား ယနေ့ ညနေ ၄:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥပဒေမူဘောင်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်းပေး တိုင်ကြားသူများအား အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှု ကိစ္စရပ်များ၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် ရုံးခွဲများ ဖွင့်လှစ်မှုကိစ္စရပ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် တို့ တက်ရောက်ခဲ့ကြသည်။



/001-80x80.jpg)


/001-80x80.jpg)
/001-80x80.jpg)
/001-80x80.jpg)
/001-80x80.jpg)
/1-80x80.jpg)
