မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar)မှ တာဝန်ရှိသူများကို ကော်မရှင်ဥက္ကဋ္ဌမှ လက်ခံတွေ့ဆုံ
- Wed, 25 July 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC) ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar)မှ ဒုတိယညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere နှင့်အဖွဲ့အား ၂၅-၇-၂၀၁၈ ရက်နေ့ မနက်(၁၀၀၀)နာရီက ကော်မရှင်ရုံးတွင် လက်ခံ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar)မှ တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်များ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကျင့်ဝတ်လိုက်နာရေး ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အချက်များကို အကြံပြုဆွေးနွေးတင်ပြရာ ကော်မရှင်မှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဒေါ်လဲ့လဲ့သွင် နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်းမှ ဒုတိယ ညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီး များအသင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ အကြံပြုတင်ပြရေးအဖွဲ့မှ အထွေထွေ မန်နေဂျာ Mr. Fredrik Meerhoff ၊ ကျန်းမာရေးယူနစ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးမြတ်သူ၊ စီးပွားရေးယူနစ်ဆိုင်ရာ ညွှန်ကြား ရေးမှူး ဒေါ်မိုးသူဇာ၊ အစိုးရပိုင်းဆက်ဆံပြန်ကြားရေးမန်နေဂျာ ဦးထက်အောင်ခိုင်တို့လည်း တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ဥရောပစီးပွားရေး လုပ်ငန်းများကို အကြံ ပြုခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ အကျိုးစီးပွားမြှင့်တင်ပေးခြင်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ကူညီပံ့ပိုးခြင်းတို့ ကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။




/1-80x80.jpg)

/1-80x80.jpg)




