ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာန (GIV) မှ ဒုတိယ အကြီးအကဲ H.E. Mr. Dong Coung Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံခြင်း
- Sat, 20 October 2018
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနတို့ အကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ အလုပ်သဘော လေ့လာရေးခရီးအဖြစ် ရောက်ရှိ နေသော ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာန (GIV) မှ ဒုတိယ အကြီးအကဲ H.E. Mr. Dong Coung Huan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၈-၁၀-၂၀၁၈ ရက်နေ့ ၁၄၃၀ နာရီ မှ ၁၅၀၀ နာရီထိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ဦးဆောင်သော အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ရာ အစိုးရအဖွဲ့ဝင်များက မန္တလေးတိုင်းဒေသကြီးနှင့်ပတ်သက်သည့် ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြ ကြရာ GIV အဖွဲ့မှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ၁၉၀ဝနာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။


/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)


/1-80x80.jpg)

/1-80x80.jpg)

