အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်၍ UNODC မှ Country Manager ဖြစ်သူ Mr.Troels Vester ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ ခြင်း
- Thu, 8 November 2018
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် UNODC မှ Country Manager ဖြစ်သူ Mr. Troels Vester ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ၈-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီအချိန်က နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် ၂၀၁၉ ခုနှစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကြိုတင်တားဆီး ကာကွယ်ရေးဆောင်ရွက်မှု၊ ပညာပေးရေး ဆိုင်ရာဆောင်ရွက်မှုများနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ဖွဲ့စည်းရေးကိစ္စရပ်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင် များ ပံ့ပိုးပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ကြပါသည်။








/001-80x80.jpg)
/Picture1-80x80.png)
