အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် Publicity and Public Education Training သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်
- Fri, 16 November 2018
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဟောင်ကောင်ဒေသ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Independent Commission Against Corruption-ICAC)တို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သော Publicity and Public Education Training သင်တန်း ဆင်းပွဲအခမ်းအနားကို ၁၆-၁၁-၂၀၁၈ ရက်နေ့ နေ့လည် ၁၂:ဝ၀ နာရီ အချိန်တွင် နေပြည်တော်ရှိ Hotel Ryoal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ CSO အဖွဲ့အစည်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာ ယခုသင်တန်းကို ကော်မရှင်ရုံးမှ သင်တန်းသား (၂၄) ဦးနှင့် MATA, A2JI အရပ်ဖက် အဖွဲ့အစည်းတို့မှ(၆)ဦး၊ စုစုပေါင်းသင်တန်းသူ၊ သင်တန်းသား (၃၀)ဦးတို့နှင့် နိုဝင်ဘာလ ၁၂ ရက် နေ့မှ ၁၆ ရက်နေ့ထိ(၅)ရက်ကြာ ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြား ခဲ့သော ဘာသာရပ်များအနေဖြင့် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍကြား ဖြောင့်မတ်တည်ကြည်မှု တိုးမြှင့်ရေး၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကို ဖြည့်ဆည်းပေးနိုင်သည့် ကိုယ်ကျင့် တရားဆိုင်ရာ အသိပညာပေးရေး၊ လူထုဆက်သွယ်ရေးကို ဖန်တီးအသုံးချမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဝန်ဆောင်မှု ၊ ဖြောင့်မတ် မှန်ကန်ရေးအတွက် ရေရှည်တိုးတက်ဖွံ့ဖြိုးရေး မိတ်ဖက်ဘာသာ ရပ်များ ဖြစ်ပါကြောင်း၊ ICAC အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို Zero Tolerance Corruption (အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်းမရှိတဲ့ ယဉ်ကျေးမှုစနစ်) ကို ဦးတည်ပြီး နှစ်ပေါင်း (၄၀)ကျော် ဆောင်ရွက် ခဲ့တဲ့ အတွေ့အကြုံများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး ပြန်လည် မျှဝေပေးခဲ့သည့်အတွက် ကော်မရှင်အနေဖြင့်များစွာ အကျိုးကျေးဇူး ရရှိခဲ့ပါကြောင်း၊ ICAC မှ သင်တန်းဆရာများလာရောက် ပို့ချပေးခြင်းကြောင့် တက်ရောက်ခဲ့သည့် သင်တန်းသား (၃၀)ဦး အတွက် များစွာအကျိုးကျေးဇူးရှိပါကြောင်း၊ ICAC မှ လာရောက်သင်ကြားပေးသည့်အတွက် သင်တန်းသူ၊ သင်တန်းသားများစွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင်ပို့ချခဲ့သော ဘာသာရပ်များသည် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ၊ အသိပညာ ပေးဆိုင်ရာ လုပ်ငန်းများတွင် လိုက်လျောညီထွေစွာအသုံးချ ဆောင်ရွက်သွားကြရန် သင်တန်းသား များကို မှာကြားလိုပါကြောင်း၊ သင်တန်းမှရရှိတဲ့ သင်ခန်းစာများနှင့် အတွေ့အကြုံများ၊ ဗဟုသုတ များကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ပါကြောင်း၊ ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာဖြင့် မိမိတို့ ဌာနအတွက် အားကိုးယုံကြည်သူ များဖြစ်အောင် ကြိုးစားကြရန်နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အသိပညာပေးရေးတွင် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဒေါ်မြတ်မြတ်စိုး၊ ဒေါ်အေးအေးမူ၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဦးဟန်ညွန့် ၊ ဦးအောင်သန်းမြင့်နှင့် ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။


/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)

/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)


