“အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့” စာတမ်းဖတ်ကြားဆွေးနွေးပွဲ ကျင်းပမည်ဖြစ်

  • Wed, 17 January 2018

နေပြည်တော် ဇန်နဝါရီ ၁၆

          အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအစီအစဉ်အရ “အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့”  (Promote Integrity to Counter Corruption) ဟူသော ခေါင်းစဉ်ဖြင့် အရပ်ဖက် အဖွဲ့အစည်းများ၏ စာတမ်းဖတ်ကြား ဆွေးနွေးပွဲကို  UNODC နှင့် ပူးပေါင်းပြီး ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၂ - ၂၃ ရက်နေ့ များတွင် ရန်ကုန်မြို့ PARKROYAL ဟိုတယ်၌ ကျင်းပသွား မည်ဖြစ်ပါသည်။

          အဆိုပါ စာတမ်းဖတ်ကြားဆွေးနွေးပွဲတွင် စီးပွား​ရေးပညာရှင်များဖြစ်ကြသည့်  ဦးမြင့်နှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့က ဦးစွာဆွေးနွေးပွဲခေါင်းစဉ်အပေါ် ရှင်းလင်းဆွေးနွေး ပြောကြား​ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် (ငြိမ်း) ဦးမြသိန်းနှင့် စီးပွား​ရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)တို့မှ စာတမ်း ရှင်များ၏ စာတမ်းဖတ်ကြားဆွေး​နွေးမှုများ အပေါ် ဆက်လက်ဦးဆောင် ဆွေးနွေး ပြောကြားမည်ဖြစ်ပါသည်။ အဆိုပါ စာတမ်းဖတ်ကြား ဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့ အစည်းများ၊ NGO များမှ ကိုယ်စားလှယ်များက အုပ်စုအလိုက် စာတမ်းများ ဖတ်ကြားဆွေးနွေး ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
သတင်းစာရှင်းလင်းပွဲအခမ်းအနားအစီအစဉ်

ရက်စွဲ - ၂၃/၁/၂၀၁၈ (အင်္ဂါနေ့)
အချိန် - ညနေ ၁၅:၃၀ နာရီ
နေရာ - PARKROYAL HOTEL Yadanar Ball Room အမှတ် (၃၃)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

၁။ ရှင်းလင်းမည့် အစီအစဉ်ကြိုတင်ပြခြင်း၊
၂။ သတင်းထုတ်ပြန်ချက် ၁/၂၀၁၈ ကို ထုတ်ပြန်ကြေညာခြင်း၊
၃။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်၏၂၀၁၈ လုပ်ငန်းစဉ်စီမံချက်အား ရှင်းလင်းဆွေးနွေးခြင်း၊
၄။ သတင်း၊ မီဒီယာများက မေးခွန်းများ မေးမြန်းခြင်း၊
၅။ ရှင်းလင်းပွဲပြီးဆုံးကြောင်း ကြေညာခြင်း။

ဆက်စပ် သတင်းများ