အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ

  • Fri, 6 November 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မန္တလေး) မှ ဒု-ဦးစီးမှူး ဦးဝင်းထွန်း က မူလတန်းအဆင့် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


နေပြည်တော်၊ နိုဝင်ဘာ ၆ 

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ကဏ္ဍအသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်သည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များမှ စတင်၍ အသိပညာပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အ-ထ-က (၁) တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၄၉) ဦးတို့ကို ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment  အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မန္တလေး) တွင် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်ဆောင်ရွက်ခြင်း အခမ်းအနား


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မန္တလေး) မှ ဦးစီးအရာရှိ ဒေါ်စန္ဒာမိုး က အလယ်တန်းအဆင့် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ဆက်စပ် သတင်းများ