ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများအား ဆီနှင့် ကြက်ဥထောက်ပံ့လှူဒါန်း

  • Fri, 16 October 2026

ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများအား ဆီနှင့် ကြက်ဥထောက်ပံ့လှူဒါန်း


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော်၊ အောက်တိုဘာလ ၁၆ ရက်

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆) တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်” အရ ကော်မရှင်ရုံး (နေပြည်တော်)နှင့် ကော်မရှင်ရုံးခွဲ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်) တို့မှ ဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် ဆီ (၁) ပိဿာနှုန်းဖြင့် ဆီ (၄၁၉) ပိဿာပေးအပ်ခဲ့ပြီး အမှုထမ်းဝန်ထမ်းများအား တစ်ဦးလျှင် ကြက်ဥ အလုံး (၂၀) နှုန်းဖြင့် (၅၅၀၀) လုံးအား ထပ်မံ  ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်ရုံးဝန်ထမ်းများအတွက် ဆီနှင့်ကြက်ဥများပေးအပ်ခြင်း အခမ်းအနားမှတ်တမ်းဓာတ်ပုံများ


အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးအဖွဲ့မှ ဝန်ထမ်းများအတွက် ဆီနှင့်ကြက်ဥများကို

အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း



 ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက စီမံရေးရာဦးစီးဌာနမှ ဝန်ထမ်းများအတွက် ဆီနှင့်ကြက်ဥများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ဆီနှင့်ကြက်ဥများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ဆီနှင့်ကြက်ဥများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ