ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး လျှောက်လွှာခေါ်ယူခြင်း

  • Mon, 19 October 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်း ပြည့်မီသူများ လျှောက်လွှာတင်သွင်းနိုင်ပါကြောင်း၊ လျှောက်လွှာများအား အခမဲ့ Download ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လျှောက်လွှာရယူရန် ======> 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

လျှောက်လွှာခေါ်ယူခြင်း

၂၀၂၆  ခုနှစ်၊  အောက်တိုဘာလ ၁၉ ရက်

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး(၃၀)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-

စဉ်     ရာထူး၊ လစာနှုန်း                      ပညာအရည်အချင်း                                   ရာထူးနေရာ

(က)    ဒုတိယလက်ထောက်ဦးစီးမှူး     တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိသူ/                     (၂၀)နေရာ

    (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)     အခြေခံပညာအထက်တန်း

                                                (တက္ကသိုလ်ဝင်တန်း/Grade-12)

                                                        အောင်မြင်ပြီးဖြစ်ရမည်။

( ခ) လက်ထောက်စုံစမ်းရေးမှူး             တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိသူ                     (၁၀)နေရာ

(၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)             ဖြစ်ရမည်။

၂။ လျှောက်ထားသူများသည်-

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ခ) အင်္ဂလိပ်စာ/ကွန်ပျူတာ အခြေခံတတ်ကျွမ်းရမည်။

    (ဂ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ၃၀-၉-၂၀၂၆ ရက်နေ့၌ အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ပုံစံ(၁၂)ရရှိပြီးသူများအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဌာနမှ သတ်မှတ်အသက်ထက် (၃)နှစ်တိုးမြှင့်၍ လက်ခံပေးမည်ဖြစ်ပါသည်။

(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ၃၀-၉-၂၀၂၆ ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်းပါရှိရမည် (သို့မဟုတ်) သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရမည်။ (ကော်မရှင်ရုံးမှ အမှုထမ်းဝန်ထမ်းများအတွက် အသက်ကန့်သတ်ချက်အား လျှော့ပေါ့စဉ်းစားပေးမည်။)

( င) အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

( စ) အနည်းဆုံး (၃)နှစ်တစ်ဆက်တည်း တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်ချက် စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်စည်းကမ်းဖောက်ဖျက်ပါက လျော်ကြေးငွေ ပေးလျော် ရမည်။ 

(ဆ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှထုတ်ပယ်ခြင်း (Removal)၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။ လျှောက်လွှာပုံစံကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ်(၅၆)၊ နေပြည်တော် နှင့် ကော်မရှင်ရုံးခွဲ(ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်)တို့တွင် လာရောက်ထုတ်ယူနိုင်ပြီး ကော်မရှင်၏ Website ဖြစ်သော www.accm.gov.mm တွင်လည်း Download ရယူနိုင်ပါသည်။ 

၄။ အလုပ်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

(က) အသက်နှင့် ပညာအရည်အချင်းအတွက် အထောက်အထားမိတ္တူ (ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်အောင်လက်မှတ် (သို့မဟုတ်) အောင်မြင်ခဲ့သည့်ကျောင်း၏ ထောက်ခံစာ ပါရှိရမည်ဖြစ်ပြီး မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)

(ခ) (၁)လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ (၅)ပုံ (၁" x ၁.၂၅") 

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)

(ဃ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင် ကတ်ပြားမိတ္တူ

(င) (၁)လအတွင်း ရယူထားသည့် စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းတို့၏ ထောက်ခံချက်မူရင်းများ

(စ) အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထားမိတ္တူများ၊

(ဆ) (၁)လအတွင်း ရယူထားသော ကျန်းမာကြောင်းဆေးထောက်ခံချက်(မူရင်း)

( ဇ) ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသူများသည် ပုံစံ ၁၂ လက်မှတ်(မိတ္တူ)

(ဈ) အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)

(ည) ယခင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါက ဌာန၏ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ(မူရင်း/မိတ္တူ)

၅။ လျှောက်လွှာများကို ၃၀-၁၁-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ရုံးအမှတ်(၅၆)၊ နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲ(ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊ စာတိုက်မှဖြစ်စေ ရုံးချိန်အတွင်း ပေးပို့လျှောက်ထားရမည်။ (သတ်မှတ်ရက်ထက်ကျော်လွန် ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံသူများကို (လုံးဝ) ထည့်သွင်းလက်ခံ စဉ်းစားပေးမည် မဟုတ်ပါ။)

၆။ အရည်အချင်းစစ်စာမေးပွဲများကို နေပြည်တော်တွင် အောက်ပါအတိုင်း ဖြေဆိုရမည်ဖြစ်ပါသည်-

စဉ် အကြောင်းအရာ နေ့ရက် အချိန်

(က) အင်္ဂလိပ်စာ(ရေးဖြေ) ၁၉-၁၂-၂၀၂၆ နံနက် (၀၉:၃၀) နာရီမှ 

(စနေနေ့) (၁၁:၃၀) နာရီထိ

( ခ) အထွေထွေဗဟုသုတ(ရေးဖြေ) ၁၉-၁၂-၂၀၂၆ နေ့လယ် (၁၃:၀၀) နာရီမှ 

(စနေနေ့) (၁၅:၀၀) နာရီထိ

( ဂ) လူတွေ့နှင့် ကွန်ပျူတာကျွမ်းကျင်မှု ၂၀-၁၂-၂၀၂၆ နံနက် (၀၉:၃၀) နာရီမှ 

စစ်ဆေးခြင်း (တနင်္ဂနွေနေ့) (၁၂:၀၀) နာရီထိ

၇။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းများကို ရုံးအမှတ်(၅၆) နေပြည်တော်ရှိ ကြော်ငြာသင်ပုန်း၊ ဌာန၏ Website ဖြစ်သော www.accm.gov.mm နှင့် Facebook Page: ACC Myanmar တို့တွင် ထုတ်ပြန်ကြေညာ ပေးထားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်(ခုံနံပါတ်)များကို ၁၇-၁၂-၂၀၂၆ ရက်နှင့် ၁၈-၁၂-၂၀၂၆ ရက် တို့၌ ရုံးအမှတ်(၅၆)၊ နေပြည်တော်တွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် အတူ ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်။ 

၈။ စာမေးပွဲလာရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်ကတ်ပြား၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသူများသည် ပုံစံ ၁၂ စသည်တို့ကို မူရင်းတင်ပြနိုင်ရမည်။ (အထောက်အထားများ ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်မပြုပါ)

၉။ ရွေးချယ်ခံရသူ အမည်စာရင်းကို ဌာန၏ Website နှင့် Facebook Page တို့တွင် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနခွဲ၊ ဖုန်းနံပါတ်၊ ၀၆၇-၈၁၀၃၄၈၇ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)၏ ဖုန်းနံပါတ်၊ ၀၁၇-၅၃၂၆၀၈ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၏ ဖုန်းနံပါတ်၊ ၀၂-၄၀၅၆၀၇၉ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)၏ ဖုန်းနံပါတ်၊ ၀၈၁-၂၁၃၂၂၇၅၊ ၀၈၁-၂၁၃၂၂၇၆ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)၏ ဖုန်းနံပါတ်၊ ၀၅၇-၂၀၂၇၈၆၉ သို့ဖြစ်စေ၊ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။


Download=>လျှောက်လွှာ.pdf

ဆက်စပ် သတင်းများ