အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ

  • Thu, 17 September 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ

အခမ်းအနားတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးသောက်ပန်း (ကိုယ်ပိုင်ကျောင်း) ၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

နေပြည်တော်၊ စက်တင်ဘာ ၁၇

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၁၇-၉-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးသောက်ပန်းကိုယ်ပိုင်အထက်တန်းကျောင်း၌   ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန် အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍  ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ 

  အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးသောက်ပန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အခမ်းအနားတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးသောက်ပန်း (ကိုယ်ပိုင်ကျောင်း) ၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ