ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများအတွက် ဆန်နှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်း
- Mon, 14 September 2026
ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးအဖွဲ့ရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း
နေပြည်တော်၊ စက်တင်ဘာ ၁၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆) တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်” အရ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ကော်မရှင်အဖွဲ့ဝင် (၈) ဦး အပါအဝင် ကော်မရှင်ရုံး( နေပြည်တော်) နှင့် ကော်မရှင်ရုံးခွဲ (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်) မြို့များရှိ ဝန်ထမ်း (၄၄၀) ဦးအတွက် လူပျို/ အပျို တစ်ဦးလျှင် ဆန် (၁၂) ပြည်၊ အိမ်ထောင်သည် တစ်ဦးလျှင် ဆန် (၁၆) ပြည်နှင့် လစဉ်ထောက်ပံ့လျက်ရှိသည့် ငွေကျပ် (၁၀၀၀ဝိ/-) နှုန်းတန်ဖိုးရှိ ကြက်ဥ (၁၈) လုံး၊ စုစုပေါင်း ဆန်အိတ် (၃၀၀) အိတ်နှင့် ကြက်ဥ (၇၇၀၄) လုံး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်ရုံးဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း မှတ်တမ်းဓာတ်ပုံများ

ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးအဖွဲ့ရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က စီမံရေးရာဦးစီးဌာနရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး က စုံစမ်းစစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခြင်း


/001-80x80.jpg)








