အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ

  • Mon, 14 September 2026

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ


အခမ်းအနားတွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အ-ထ-က (၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း


နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက်

            အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၁၄-၉-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အ-ထ-က (၁) ကျောင်း၌   ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။

            အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍  ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ 

            အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အ-ထ-က (၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။


ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အ-ထ-က (၁) ကျောင်း၌ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း


ဆက်စပ် သတင်းများ