(၁၁) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (11th Eastern Economic Forum- 11th EEF -2026) သို့ ပါဝင်တက်ရောက်ခြင်း နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) အား လက်မှတ်ရေးထိုးခြင်း

  • Fri, 4 September 2026

(၁၁) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (11th Eastern Economic Forum- 11th EEF -2026) သို့ ပါဝင်တက်ရောက်ခြင်း နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) အား လက်မှတ်ရေးထိုးခြင်း

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၇-၂၀၂၈) အစည်းအဝေးသို့  တက်ရောက်ခြင်း

စက်တင်ဘာ ၄ ၊ ၂၀၂၆

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (11th Eastern Economic Forum)နှင့် ဆက်စပ်အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့စတော့မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ၂-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်  (၂၀၂၇-၂၀၂၈) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

          ယခုလက်မှတ်ရေးထိုးသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဝန်ထမ်းများလေ့ကျင့် သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာ ဖလှယ်နိုင်ခြင်းများကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ပိုမိုခိုင်မာ အားကောင်းလာစေပြီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ပိုမိုအားကောင်း၍ များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

          နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် Mr. A.V. Gutsan က တည်ခင်းဧည့်ခံခဲ့သော အလုပ်သဘော နေ့လယ်စာ စားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း သည် စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်းအဝေးဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သော စီးပွားရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို လျော့ချခြင်း” အစည်းအဝေးတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

          ၎င်းနေ့ နေ့လယ်ပိုင်းတွင် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ “အရှေ့ဖျားစီးပွားရေးဒေသ ပြည်သူလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော မျက်နှာစုံညီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၇-၂၀၂၈) အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မှတ်တမ်းဓာတ်ပုံများ

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၇-၂၀၂၈) အစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၇-၂၀၂၈) လက်မှတ်ရေးထိုးခြင်း

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၇-၂၀၂၈) လက်မှတ်ရေးထိုးပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်အား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း အား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သော စီးပွားရေးဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ခြေများကို လျော့ချခြင်း” အစီအစဉ်တွင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက Speaker အဖြစ် ဆွေးနွေးပြောကြားခြင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခြင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခြင်း

ဆက်စပ် သတင်းများ