အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ

  • Fri, 4 September 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ


နေပြည်တော်၊ စက်တင်ဘာ ၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်ကဏ္ဍဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၄-၉-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အ-ထ-က (၅) ကျောင်း၌   ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့ သည်။

အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန် အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍  ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ 

  အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး) မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အ-ထ-က (၅) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။


ဆက်စပ် သတင်းများ