အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ

  • Mon, 24 August 2026

   အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (နေပြည်တော်) မှ ဦးစီးအရာရှိ ဦးထက်ဝင်း က မူလတန်းအဆင့် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


နေပြည်တော်၊ ဩဂုတ် ၂၄

         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ် တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ကဏ္ဍ အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်သည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် အခြေခံပညာကျောင်းများမှ စတင်၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၌ ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ အ-ထ-က(၁) ၊  ရှမ်းပြည်နယ်၊ အေးသာယာမြို့၊ အ-ထ-က(အားကာသိပ္ပံ)တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦးတို့ကို ကော်မရှင်ရုံး နှင့် ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (နေပြည်တော်)နှင့်(အေးသာယာ) မြို့တို့တွင်  ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်ဆောင်ရွက်ခြင်း အခမ်းအနား

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (နေပြည်တော်) မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေခိုင်ဦး က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင် က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ဆက်စပ် သတင်းများ