အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ
- Thu, 20 August 2026
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
နေပြည်တော်၊ ဩဂုတ် ၁၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ၁၈-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အ-ထ-က (၅) ကျောင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ အ-ထ-က (၅)ကျောင်း၌
ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း
အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့်
ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန် အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန်
လိုအပ်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊
ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး
တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို
ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး ၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်) မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အ-ထ-က (၅) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



/001-80x80.jpg)

/5-80x80.jpg)


/001-80x80.jpg)


/001-80x80.jpg)