အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

  • Tue, 4 August 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဩဂုတ် ၄  ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများ၊ အလှူရှင်များ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် သင်ကြားလျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခြင်းသည် ဘဝသစ်တစ်ခုကို လျှောက်လှမ်းရန် ခြေလှမ်းသစ်စခြင်းဖြစ်ပြီး ဆုံးခန်းတိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပညာထူးချွန်အောင် ပံ့ပိုးပေးခဲ့ကြသည့် မိဘ၊ ဆရာနှင့်  ပတ်ဝန်းကျင်ကိုလည်း ဂုဏ်ပြုလေးစားရပါကြောင်း၊ နည်းပညာတိုးတက် ထွန်းကားလာသည်နှင့်အမျှ နိုင်ငံတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  နိုင်ငံတကာစံနှုန်းနှင့်အညီ ရင်ပေါင်တန်းနိုင်ရေး ကိုယ်ပိုင်အရည်အချင်း မြင့်မားနေစေရန် အစဉ်ကြိုးပမ်း လေ့လာကြရန်လိုကြောင်း၊ မိဘများအနေဖြင့် ငွေကုန်၊ အချိန်ကုန်ခံ၍ ပံ့ပိုးထောက်ပံ့ကြရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  လမ်းမှားမရောက်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံအပေါ် ချစ်ခင်မှု၊ မိမိတို့လူမျိုး၏ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်ရန် အရေးကြီးပါကြောင်း၊ နောက်လာမည့် ပညာသင်နှစ်တွင်လည်း ထူးချွန်အောင်မြင်စေရန် ကြိုးစားကြစေလိုကြောင်း၊  ကျောင်းသား၊ ကျောင်းသူများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဂုဏ်ပြုချီးမြှင့်ပေးကြသည့် အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ၆ ဘာသာဂုဏ်ထူး ရရှိခဲ့သော ကျောင်းသားအား ငွေတစ်ဆယ့်ခြောက်သိန်းကျပ် ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က    ၅ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူအား ငွေတစ်ဆယ့်လေးသိန်းကျပ် ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး က ၄ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသားအား     ငွေတစ်ဆယ့်နှစ်သိန်းကျပ် ကိုလည်းကောင်း ၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ၃ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူအား ငွေတစ်ဆယ်သိန်းကျပ် ကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးတိုးရီ က  ၁ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသားအား ငွေခြောက်သိန်းကျပ် ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် တို့က ရိုးရိုးအောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား တစ်ဦးလျှင်  လေးသိန်းကျပ် နှုန်းဖြင့်လည်းကောင်း၊  ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသား ၁ ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က ကော်မရှင်ရုံး၊ “ရင်သွေးရတနာ” နေ့ကလေး ထိန်းကျောင်းမှ ကလေးထိန်း ဆရာမ ၃ ဦးတို့အား တစ်ဦးလျှင် တူညီဝတ်စုံ ၂ စုံစီနှင့် “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းမှ အသက်(၄)နှစ်အောက် ကလေးငယ် ၁၆ ဦး တို့အား တစ်ဦးလျှင် မူကြိုဝတ်စုံ ၂ စုံစီ ကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ က ဂုဏ်ပြုဆုငွေများ ပါဝင်အားဖြည့် ချီးမြှင့်ပေးခဲ့ကြသည့် အလှူရှင် ၂ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ဩဂုတ်လအတွက် ဝန်ထမ်းများအား “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်လစဉ် စောင့်ရှောက် ထောက်ပံ့ ကူညီမှုအစီအစဉ်” အရ စားသုံးဆီနှင့် ကြက်ဥ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွက် စားသုံးဆီ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၄ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၃ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူ ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူ ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆုဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန် က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူ ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆုဂုဏ်ပြုချီးမြှင့်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် မိသားစုက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးအား ပညာရည်ချွန်ဆုငွေများ ဂုဏ်ပြုချီးမြှင့်ခြင်း


Empreo Construction Co.,Ltd. မိသားစုက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆုငွေများ ဂုဏ်ပြုချီးမြှင့်ခြင်း


၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားနေကြသော အထက်တန်းအဆင့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသူတစ်ဦးအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်၌ ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသားတစ်ဦးအား ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားနေကြသော အလယ်တန်းအဆင့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသားတစ်ဦးအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားနေကြသော မူလတန်းအဆင့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသားတစ်ဦးအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က ကော်မရှင်ရုံး၊ "ရင်သွေးရတနာ" နေ့ကလေးထိန်းကျောင်းမှ ကလေးထိန်းဆရာမများ ကိုယ်စား ဆရာမတစ်ဦးအား တူညီဝတ်စုံနှင့် အသက် (၄)နှစ်အောက် ကလေးငယ်များအတွက် မူကြိုဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက Empreo Construction Co.,Ltd. မှ ဦးအောင်သူမင်းဟန် အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း


အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးအဖွဲ့မှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က စီမံရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်း


ဆက်စပ် သတင်းများ