အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ
- Tue, 4 August 2026
အခမ်းအနားတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ-ထ-က (၄)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း
နေပြည်တော်၊ ဩဂုတ် ၄ ရက်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၄-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ-ထ-က(၄)နှင့် တောင်ကြီးမြို့၊ အ-ထ-က (၂) ကျောင်းတို့၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကို အခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံး၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)နှင့် ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့များရှိ ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ-ထ-က (၄)ကျောင်း၌ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
/002.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
တောင်ကြီးမြို့၊ အ-ထ-က (၂) ကျောင်း၌ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
/003.jpg)
အခမ်းအနားတွင် တောင်ကြီးမြို့၊ အ-ထ-က (၂) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း
/004.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း


/001-80x80.jpg)
/001-80x80.jpg)
/001-80x80.jpg)

/1-80x80.jpg)

/1-80x80.jpg)


