အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ

  • Tue, 21 July 2026

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ ဒုတိယစုံစမ်းရေးမှူး ဦးမျိုးဟန် က မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


နေပြည်တော်၊ ဇူလိုင် ၂၁ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment)အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၌ ၊မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ အ-ထ-က(၁၀)နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အ-ထ-က (ပန်သခွား) တို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၁၁၄၆) ဦးတို့ကို ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွင်း ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာ ကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မော်လမြိုင်)နှင့်(တောင်ကြီး)တို့တွင်  ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်ဆောင်ရွက်ခြင်း အခမ်းအနား



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ ညွှန်ကြားရေးမှူး ဦးဖြူစိုးကြည် က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ ဒုတိယစုံစမ်းရေးမှူး ဦးလွှမ်းမိုးဝင်း က မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင် က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


ဆက်စပ် သတင်းများ