အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်း က ဝန်ထမ်းများအတွက်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

  • Tue, 7 July 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်း က ဝန်ထမ်းများအတွက်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော်၊ ဇူလိုင် ၇  

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိစတင် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လိုအပ်သည်များကို တတ်နိုင်သမျှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ကော်မရှင်တွင် တာဝန်ထမ်းဆောင်ချိန်မှစ၍ “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်” အပြင် ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက် ဧပြီလ (၂၁) ရက်နေ့တွင် ဝန်ထမ်းများအား တစ်ဦးလျှင် ဆန် (၁၂) ပြည်နှုန်းနှင့် မှီခိုသူများအတွက် တစ်ဦးလျှင် ဆန်(၆) ပြည်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ဇွန်လ (၁၂)ရက်နေ့တွင် ဝန်ထမ်းများအား တစ်ဦးလျှင် ဆီ (၁) ပိဿာနှုန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ ဇွန်လ (၂၆) ရက်နေ့တွင် ဝန်ထမ်းများအား တစ်ဦးလျှင် ဆန် (၁၀) ပြည်နှုန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် ဇူလိုင်လ (၇)ရက်နေ့တွင် ကြက်ဥ အလုံး (၂၀) ထောက်ပံ့ပေးအပ် ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များ၌ ရာထူးအဆင့်လိုက် သင်တန်းများတွင် တက်ရောက်ရမည့် ဝန်ထမ်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများသည် တစ်မိုးအောက်တွင် အတူတာဝန် ထမ်းဆောင်ကြသူများ ဖြစ်၍ မိသားစုပင်ဖြစ်ပါကြောင်း၊ မိသားစု စိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ရာတွင် တစ်စိတ် တစ်ဝမ်း တစ်ညီတစ်ညွတ်တည်း ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိရန် အရေးကြီးပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် သတင်း၊ လူပုဂ္ဂိုလ် လုံခြုံရေး အထူးသတိပြုကြရန် လိုအပ်ပါကြောင်း၊ ကော်မရှင်ဉက္ကဋ္ဌအနေဖြင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အမြဲထည့်သွင်းစဉ်းစား ပေးလျက်ရှိပါကြောင်း  ပြောကြားခဲ့ပါသည်။

ထို့နောက်ကော်မရှင်ဉက္ကဋ္ဌက ၊ ဇူလိုင်လအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်” အရ အရာထမ်း၊ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌ က ကော်မရှင်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားမှတ်တမ်းဓာတ်ပုံများ



အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးအဖွဲ့မှ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း အား ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က စီမံရေးရာဦးစီးဌာနမှ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ