အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း ကော်မရှင်ရုံးခွဲ(ရန်ကုန်) ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ
- Mon, 1 June 2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း
ရန်ကုန်၊ ဇွန် ၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကော်မရှင်ရုံးခွဲ၊ ညွှန်ကြားရေးမှူးက ကော်မရှင်ရုံးခွဲ၏ ရုံးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံတော်အကျိုးရှေးရှုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိကြောင့် နိုင်ငံ့အကျိုးထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသော ကဏ္ဍသုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်းဝမ်းစာပြည့်ဝနေအောင် အမြဲတမ်း ဖြည့်ဆည်းနေရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဝန်ထမ်းမိသားစုများအား ကြက်ဥ၊ ဆန်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံခြင်း







/1111%20(22-5-2026)/pfp%20advtertisement-80x80.jpg)



