အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲကျင်းပ

  • Sat, 23 May 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က သင်တန်းဆင်းအမှာစကားပြောကြားခြင်း


နေပြည်တော်၊ မေလ ၂၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြသည်။ 

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန/အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် နည်းပညာဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များတွင် အရည်အသွေးမြင့်မားနေရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်ပြီးစီးခဲ့သည့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းတွင် စာတွေ့အပြင် လက်တွေ့များကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ရာတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နေ့စဉ်နှင့်အမျှ နည်းပညာပိုင်းများမှာ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့်အတွက် စဉ်ဆက်မပြတ်လေ့လာသည့် အလေ့အထကို ပြုစုပျိုးထောင်ရန် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများကို အစဉ်တိုးတက်နေစေရန်၊ နောက်ကျမကျန်ခဲ့စေရန် ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ IT နည်းပညာများကို အသုံးချရာတွင် သတင်းအချက်အလက်များ၏ လုံခြုံမှုကို အထူးဂရုစိုက်ရန် အရေးကြီးပါကြောင်း၊ သတင်းလုံခြုံမှုသည် ဝန်ထမ်းများလိုက်နာရသည့် ကော်မရှင်ကျင့်ဝတ်နှင့်လည်း များစွာသက်ဆိုင်မှုရှိသည့်အတွက် မိမိနှင့်ဌာနဂုဏ်သိက္ခာ၊ အများပြည်သူ အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အထူးအလေးထားလိုက်နာရန်လိုကြောင်း မှာကြားခဲ့ပါသည်။

၎င်းနောက်ကော်မရှင်ဥက္ကဋ္ဌက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ဒုတိယဆု၊တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသား (၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့်သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပထမဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဒုတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက တတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း

ဆက်စပ် သတင်းများ