အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း သည် ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း
- Mon, 4 May 2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း
နေပြည်တော်၊ မေ ၄ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း သည် ယနေ့ညနေပိုင်းတွင် ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲဝန်ထမ်းများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီးနောက် တာဝန်ခံ ညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(တောင်ကြီး)ကို ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ( ၅ )နှစ်ကျော်ကာလရှိပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ကြရာတွင် အချင်းချင်း ချစ်ခင်စည်းလုံးစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းအားလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်တဲ့အတွက် နိုင်ငံတော်အကျိုး ရှေးရှု့ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိကြောင့် နိုင်ငံအကျိုး ထိခိုက်မှုမရှိအောင် သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းဆိုတာ ပြည်သူ့ဝန်ဆောင်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင်လည်း ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းများနှင့် အသိပညာပေးလုပ်ငန်းများကို ယခင်နှစ်များထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်၊ အဂတိလိုက်စားမှုကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးများကို အသိတရားရရှိအောင် အသိပညာပေးလုပ်ငန်းများကို အကြိမ်ကြိမ်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးအဖြေဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း ဟူသည့် ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုကြောင်း၊ မိမိအလုပ်ကို တန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန်၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံနှင့် မိသားစုများမှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အဦအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များမှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း
/002.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း
/003.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းမိသားစုများအား ကြက်ဥ၊ ဆန်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း
/004.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းမိသားစုများအား ကြက်ဥ၊ ဆန်၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း
/005.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း
/006.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ(တောင်ကြီး)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း
/007.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
/008.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း








/1-80x80.jpg)