အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကျင်းပ
- Mon, 27 April 2026
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဧပြီလ ၂၇ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်၊ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား ၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ခေတ်သည် Artificial Intelligence (AI) ခေတ်ဖြစ်သည့်အတွက် မိမိတို့ရုံး၊ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် ကွန်ပျူတာပညာရပ်ကို မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ နေ့စဉ်ဘဝတွင် ဆောင်ရွက်ရသည့် လုပ်ငန်းနယ်ပယ်များအပြင် ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်နှင့် ရုံးလုပ်ငန်းဆိုင်ရာနယ်ပယ် အစရှိသည့် နယ်ပယ်အသီးသီး၌ ကွန်ပျူတာ၏ အသုံးဝင်မှုကို သိရှိမြင်တွေ့နေကြရသည့်အတွက် အထူးအလေးထား သင်ယူစေလိုပါကြောင်း၊ e-Government စနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှုများအား ပိုမိုပွင့်လင်းမြင်သာစွာ၊ အဆင်ပြေ လွယ်ကူချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (ICT) အား အထောက်အကူပြု နည်းပညာတစ်ရပ်အနေဖြင့် အသုံးပြုဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာပညာရပ်ကို ကျွမ်းကျင်သည်အထိ စဉ်ဆက်မပြတ် လေ့လာသွားကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခြင်း

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း







/1-80x80.jpg)
