အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
- Mon, 30 March 2026
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သင်တန်းဆင်းအမှာစကားပြောကြားခြင်း
နေပြည်တော်၊ မတ် ၃၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊နံနက် ၀၉:၃၀နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သင်တန်းဆင်းမိန့်ခွန်းစကားပြောကြားရာ၌ သင်တန်းတွင် ရုံးလုပ်ငန်းဆိုင်ရာ အကြောင်း အရာများ၊ မိမိတို့ တာဝန်ယူ ထမ်းဆောင်ကြရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းကာလ ပြီးမြောက်သွားသည့်အတွက် ဝန်ထမ်းအသစ်များအနေဖြင့် သင်တန်းတွင် လုပ်ငန်းခွင်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို လေ့လာမှတ်သားရသည့်အပြင် နည်းပြများ၏ သင်ကြားပို့ချမှု၊ လုပ်ငန်းခွင် အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သည့်အတွက် လုပ်ငန်းခွင်တွင် အကျိုးရှိရှိ လုပ်ကိုင်ရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ကော်မရှင်ရုံးဝန်ထမ်းတစ်ဦးဖြစ်သည်နှင့်အညီ ကော်မရှင်ကျင့်ဝတ်ကို လိုက်နာကျင့်သုံးရမည် ဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ရရှိသည့်အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစား လုပ်ဆောင်သွားရန် လိုကြောင်း၊ ရာထူးအဆင့်အလိုက် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများပီပီ နိုင်ငံတော်နှင့် ပြည်သူ၊ ကော်မရှင်အပေါ် သစ္စာစောင့်သိ စေတနာရှိစွာ ဆောင်ရွက်ရန်နှင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦးအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၄) ဦး ကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှုင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ပထမဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ဒုတိယဆုရရှိသည့် သင်တန်းသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက တတိယဆုရရှိသည့် သင်တန်းသားတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခြင်း

ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း




/1-80x80.jpg)




/1-80x80.jpg)
