အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

  • Tue, 10 March 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ


ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်ခြင်း 



နေပြည်တော်၊ မတ် ၁၀


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၂) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ကော်မရှင်ရုံးတွင် ကျင်းပခဲ့ရာ  နံနက် ၁၀:၀၀ နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး ၁၃:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်ရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်မှ ယနေ့ထိ  (၁၂) နှစ်တာ ကာလအတွင်း ကော်မရှင်ရုံး၏ လုပ်ငန်းတာဝန်များကို ကျရာကဏ္ဍတွင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် ဝန်ထမ်းများ၏ အခက်အခဲများကို တတ်နိုင်သည့်ဘက်က စဉ်းစားဖြေရှင်းပေးနေပြီး ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း ပျော်ရွှင်အောင်ဖန်တီးဆောင်ရွက်ပေးလျက်ရှိရာ ဝန်ထမ်းများအနေဖြင့် ဝင်ငွေနှင့်ထွက်ငွေမျှအောင် သုံးစွဲကြရန်လိုပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ဌာနတွင်း စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းမှ ရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့အသုံးချရန် လိုအပ်ကြောင်း၊ အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့ဆောင်ရွက်ချက်များကို ပေါင်းစပ်လုပ်ဆောင်နိုင်မှသာ အပြုသဘောဆောင်သည့် ပြောင်းလဲမှုအသစ်များ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စုပေါင်းစွမ်းအားဖြင့် ဌာန၊ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်ကို  အကောင်အထည်ဖော်ရာ၌ ဌာနအချင်းချင်း ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌ က ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဆုများ ချီးမြှင့်ခြင်း၊ ဗလာမပါ ကံစမ်းမဲ စုစုပေါင်း (၁၅,၄၂၈,၉၀၀) တန်ဖိုးရှိ ပစ္စည်းများ  မဲဖောက်ချီးမြှင့်ခြင်းဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်ခြင်း 



ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက သပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူဆောက်တည်ခြင်း 



ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်မှ နာယကဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ   ကျောင်းတိုက်မှ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ   ကျောင်းတိုက်မှ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ဇနီးတို့က သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ   ကျောင်းတိုက်မှ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီနှင့် ဇနီးတို့က သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ   ကျောင်းတိုက်မှ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း



သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်မှ နာယကဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အနုမောဒနာတရား ချီးမြှင့်ခြင်း



သပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်မှ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ရေခဲသတ္တာ ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဝတ်လျှော်စက် ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက TV ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက Air color စက် ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း


ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီက  Ovan ဆုမဲပေါက်သည့် ဝန်ထမ်းတစ်ဦးအား ဆုချီးမြှင့်ပေးအပ်ခြင်း

ဆက်စပ် သတင်းများ