အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
- Wed, 4 March 2026
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ မတ် ၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သည့် သင်တန်းသည် ကော်မရှင်ရုံး၏ ဦးစီးဌာန အသီးသီးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယလက်ထောက်ဦးစီးမှူး၊ လက်ထောက်စုံစမ်းရေးမှူး ရာထူးနေရာများ၌ ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသစ်များအား ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန် ဖွင့်လှစ်ပေးသည့် အခြေခံလေ့ကျင့်ရေးသင်တန်းဖြစ်ပါကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရာ၌ ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာ သိရှိရန်၊ အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရုံးလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏မူဝါဒနှင့် အစီအမံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဓိကအင်အားတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုကို တိုးပွားစေပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် ကျရာကဏ္ဍမှ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ကော်မရှင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းကို မတ်လ (၃) ရက်မှ (၂၆) ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခြင်း

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း






/1-80x80.jpg)




