အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဝန်ထမ်းများအား “သွားနှင့်ခံတွင်း” ဆိုင်ရာ ကုသမှုများ၊ အထွေထွေကျန်းမာရေး စစ်ဆေးကုသမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုဆောင်ရွက်

  • Fri, 6 February 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဝန်ထမ်းများအား  “သွားနှင့်ခံတွင်း” ဆိုင်ရာ ကုသမှုများ၊ အထွေထွေကျန်းမာရေး စစ်ဆေးကုသမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုဆောင်ရွက်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ အထူးကုဆရာဝန်များက "သွားနှင့်ခံတွင်း" ကုသခြင်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်း



နေပြည်တော်၊ ဖေဖော်ဝါရီ ၆

   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ရှောက်မှုများရရှိနိုင်ရန်အတွက် ကော်မရှင်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်းခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၅၆) ၌ ဝန်ထမ်းများအား ကုသရေးဦးစီးဌာနမှ သွားနှင့်ခံတွင်း ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက  သွားနှင့်ခံတွင်းဆိုင်ရာ စစ်ဆေးကုသမှုများကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆရာဝန်များက  အထွေထွေကျန်းမာရေး စစ်ဆေးကုသမှုများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြပြီး “Obesity (အဝလွန်ခြင်း)” ၊ “သက်ရှည်ကျန်းမာနည်းလမ်းရှာ (ဗီဇ၊ နေထိုင်မှုပုံစံနှင့် ကျန်းမာရေး)” စသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

         ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက ကျန်းမာရေးဝန်ကြီးဌာနနှင့် စစ်ဆေးကုသမှုလာရောက် ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်ကြီးများအား ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းသက်သာချောင်ချိရေးကို ဆောင်ရွက်ပေးသည့်အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက်ကိုလည်း  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေး အသိရှိကြရန် လိုအပ်ကြောင်း မှာကြားခဲ့ကာ ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် "သွားနှင့်ခံတွင်း" ကုသခြင်း၊ ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက သွားနှင့်ခံတွင်းအထူးကုဆေးရုံမှ အထူးကုဆရာဝန်များက "သွားနှင့်ခံတွင်း" ကုသခြင်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆရာဝန်များက "အထွေထွေကျန်းမာရေးဆေးစစ်"ကုသခြင်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်များက "အထွေထွေကျန်းမာရေးဆေးစစ်"ကုသခြင်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်း



နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အထူးကုဆရာဝန်ကြီးတစ်ဦးက Obesity (အဝလွန်ခြင်း)နှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်း



ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကျေးဇူးတင်စကားပြောကြားခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီးတစ်ဦးအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစွည်းများ ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစွည်းများ ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီးအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစွည်းများ ပေးအပ်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးတစ်ဦးအား ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစွည်းများ ပေးအပ်ခြင်း


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူခြင်း

ဆက်စပ် သတင်းများ