အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်မော်လမြိုင်တက္ကသိုလ်တို့ ပူးပေါင်း၍ “အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး”လူငယ်စကားဝိုင်းကျင်းပ
- Thu, 5 February 2026
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မော်လမြိုင်တက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပ ပြုလုပ်သည့် “အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး”လူငယ် စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် မွန်ပြည်နယ်ရှိ မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ ပညာရေးဒီဂရီကောလိပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ( ၅၄၇ ) ဦး တက်ရောက်ပြီး တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုလို လူငယ် စကားဝိုင်း ဆွေးနွေးခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကျောင်း၊ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝတွေမှာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ ကျင့်သုံးလာနိုင်ခြင်း၊ အခြေခံစည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း၏ အကြောင်းအရင်းများနှင့် အဂတိလိုက်စားမှုအန္တရာယ်တွေကို သိရှိနားလည်နိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကောင်းမွန်သော ကိုယ်ကျင့်တရား၊ ဖြောင့်မတ်တည်ကြည်မှု၊ လူမှု တန်ဖိုးများ၊ လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ တတ်စေရန်နှင့် အမှားအမှန် ခွဲခြားတတ်စေရန် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အခြေခံ ပညာကျောင်းတွေမှာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ၊ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းမှ ကောင်းမွန်သည့် ရလဒ်တွေ၊ ဆန်းသစ်သည့် အမြင်တွေ ထွက်ပေါ်လာပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ လူငယ်များ အားတတ်သရော ပါဝင်လာနိုင်စေဖို့လည်း မျှော်လင့်မိပါကြောင်းနှင့် အဂတိလိုက်စားမှုကို ရဲရဲဝံဝံဆန့်ကျင်သည့် နိုင်ငံချစ်စိတ်ရှိသည့် လူငယ်မျိုးဆက်သစ်တွေ အများအပြား ပေါ်ထွက်လာပါစေကြောင်းနှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက် သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က အမှာစကား ပြောကြားရာ၌ ကျောင်းသားလူငယ်များ ဦးဆောင်ပါဝင်သည့် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးခြင်းကြောင့် လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများရရှိစေခြင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း တည်ဆောက်ရာ၌ ကျောင်းသားလူငယ်တို့၏အခန်းကဏ္ဍ ပါဝင်လာစေခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ပါကြောင်း၊ လူငယ်များကို ငယ်စဉ်ကပင် စည်းကမ်းရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စသည့် အလေ့အကျင့်ကောင်း များကို လိုက်နာကျင့်သုံးတတ်စေရန် စာသင်ကျောင်းများမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှား၊ အမှန် ခွဲခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ ပြုမှု ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင် ဆောင်ရွက် ကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ခြင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းမှ ဖြည့်စွက်ပြီး ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က မော်လမြိုင်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြင့်သီတာထံ ကော်မရှင် အမှတ်တံဆိပ်ပါ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်သီတာ က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်တက္ကသိုလ်တွင် ကျင်းပသည့် "အဂတိလိုက်စားမှု ပပျောက်ရေး လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်းဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အမှာစကားပြောကြားခြင်း

မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများက "အဂတိလိုက်စားမှု ပပျောက်ရေး လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း

သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသားတစ်ဦးက ပြန်လည်ဖြေကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများကို မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်သီတာအား ပေးအပ်ခြင်း

မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်သီတာက ကျေးဇူးတင်စကားပြောကြားခြင်း

အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း




/1-80x80.jpg)






