အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ဓလေ့ရိုးရာထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

  • Sat, 31 January 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ဓလေ့ရိုးရာထမနဲထိုးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးက မြန်မာ့ရိုးရာထမနဲထိုးပွဲ ဆောင်ရွက်နေမှုအား

ကြည့်ရှုအားပေးစဉ်



နေပြည်တော်၊ ဇန်နဝါရီလ ၃၀ ရက်

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာ့ဓလေ့ ရိုးရာထုံးတမ်း အစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများတွင် အရာထမ်း၊ အမှုထမ်းများ ပါဝင်စေရေး အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တပို့တွဲလ ထမနဲထိုးပွဲကို ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာန (၃) ခုအောက်ရှိ ဝန်ထမ်းများ အချင်းချင်း ဖေးမကူညီလိုစိတ်ရှိစေရန်၊  အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်စွာ စုပေါင်း ဆောင်ရွက်တတ်စေရန်၊ မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနအသီးသီးမှ အရာထမ်းများနှင့် အမှုထမ်းများက ဝန်ထမ်းမိသားစုများ ထမနဲထိုးပွဲကို တပျော်တပါး ကြည့်ရှုအားပေးခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ့ရိုးရာထမနဲထိုးပွဲအခမ်းအနားမှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက မြန်မာ့ရိုးရာထမနဲထိုးပွဲ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးစဉ်



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးအဖွဲ့က မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနက မြန်မာ့ရိုးရာ ထမနဲထိုးနေစဉ်

ဆက်စပ် သတင်းများ