အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး သည် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

  • Fri, 19 December 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး သည် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မော်လမြိုင်)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း


နေပြည်တော်၊ ဒီဇင်ဘာလ  ၁၉  ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး သည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲ ဝန်ထမ်းများမှ တစ်ဦးချင်းစီ မိတ်ဆက်ပြီး တာဝန်ခံညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက မိမိတို့ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၏ Video Message တွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရေတို၊ ရေရှည် လုပ်ငန်းစီမံချက်များဖြင့် ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်းကို ပြောကြားခဲ့ပါကြောင်း၊

ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများအနေဖြင့်လည်း အခြေခံကျောင်းများသို့ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပြီး ထိုကဲ့သို့ စိတ်ပါဝင်စားစွာ ဆက်လက် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ကော်မရှင်အပေါ် အများပြည်သူတို့၏ ယုံကြည်အားကိုးမှု ပိုမိုရရှိနိုင်ရေးအတွက် ရုံးခွဲများသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဝန်ထမ်းများ၏ ကျင့်ဝတ်လိုက်နာ စောင့်ထိန်းမှု၊ ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာမှုများသည် ကော်မရှင်အပေါ်တွင်ဖြစ်စေ နိုင်ငံတော်အပေါ်တွင်ဖြစ်စေ တာဝန်ကျေပွန်ခြင်းပင် ဖြစ်ပါကြောင်း၊

မကြာမီအချိန်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မပျက်မကွက် ဆန္ဒမဲပေးကြရန် လိုအပ်ပါကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အမြင်ရှိသူများကို ရွေးချယ်၍ မဲပေးကြရန် လိုအပ်ကြောင်း၊ ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများအတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံမှ လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ နေထိုင်သည့်ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များ မှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မော်လမြိုင်)သို့ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မော်လမြိုင်)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ ဝန်ထမ်းမိသားစုများအား ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(မော်လမြိုင်)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(မော်လမြိုင်)၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခြင်း

ဆက်စပ် သတင်းများ